Skip to content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)
သမိုင်းကျဉ်းချုပ်

၁။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ သမိုင်းအကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ - ၄-၆-၁၉၈၂
ပရိယတ္တိပညာရေး စီမံကိန်း(၄)ရပ် အတည်ပြုသည့်နေ့
( ခ ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မင်းကွန်းဆရာတော်ကြီးကို - ၁၅-၁၀-၁၉၈၂
နပသ(ရန်ကုန်/မန္တလေး) တည်ထောင်ရန် တာဝန်ပေးအပ်သည့်နေ့
( ဂ ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မြေနေရာ - ၁၇-၁၀-၁၉၈၂
ရွေးချယ်သည့်နေ့
(ဃ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)စတင် - ၁၁-၃-၁၉၈၃
အုတ်မြစ်ချသည့်နေ့
( င ) စတင်ဆောက်လုပ်သည့်အဆောက်အဦ - ဓမ္မဓရသာသနာ့
သောဘိဏီသိမ်တော်
( စ ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) စတင်ဖွင့်လှစ် - ၂၁-၈-၁၉၈၆
သည့်နေ့နှင့် သံဃာဦးရေ ( ၃၇ ) ပါး
(ဆ) တိပိဋကနိကာယဥပဋ္ဌာကအဖွဲ့ တာဝန်ယူခဲ့သည့်ကာလ - ၁၉၈၆ မှ ၁၉၉၁ထိ
( ဇ ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် မင်းကွန်းဆရာတော် - ၁၅-၇-၁၉၉၂
ဘုရားကြီးက သာသနာ့တက္ကသိုလ်နှင့် ဇီဝိတဒါနသာသနာ့
အထူးကုဆေးရုံတို့ကိုနိုင်ငံတော်အစိုးရကိုယ်စား
သာသနာရေးဝန်ကြီးဌာန(သထပ)သို့လွှဲပြောင်းသည့်နေ့

- တည်နေရာနှင့်အကျယ်အဝန်း

၂။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ၆၂-လမ်း၊ အတုမရှိကျောင်းတော်ကြီး၏ အရှေ့ဘက် သီပေါမင်း၏ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ကောင်းမှုတော် "မဟာဝိဇယပုည မှန်ကျောင်း" မြေနေရာပေါ်တွင် တည်ရှိပြီး (၂၂)ဧက ကျယ်ဝန်းပါသည်။

- တက္ကသိုလ်၏ ရည်ရွယ်ချက်များ

၃။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တည်ထောင်ဖွင့်လှစ်ခြင်း၏ အဓိကရည်ရွယ်ချက်များ မှာ-
(က) ဂိုဏ်းပေါင်းစုံ သံဃသမ္မုတိရသံဃကိုယ်စားလှယ်(၁၀၀၀)ကျော်တို့၏ဆန္ဒနှင့်အညီ ဗုဒ္ဓ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အထက်တန်းကျကျ ဆောင်ရွက် ရန်။
( ခ) ပထမဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီးက ချမှတ်ထားသော ဖော်ပြလတ္တံ့ပါ အရည် အချင်းများနှင့် ပြည့်စုံစေရန်-
(၁) အကျင့်သိက္ခာမြင့်မားစေခြင်း။
(၂) ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း။
(၃) ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်စေခြင်း။
(၄) မြန်မာစာပေအရေးအသား တော်စေခြင်း။
(ဂ) ပြည်တွင်းပြည်ပတို့၌ သာသနာပြုစွမ်းနိုင်သော ရဟန်းတော်များ ပေါ်ပေါက်လာစေ ရန်နှင့် အထူးအားဖြင့် သင်တန်းသား ရဟန်းသံဃာများအား ဆင်းရဲချမ်းသာမရွေး၊ ကျေးလက် တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့်စိတ်ဓါတ်မျိုး၊ အလေ့အကျင့် မျိုး ရရှိအောင် ဆောင်ရွက်ပေးရန်။
(ဃ) လူအများ တွေ့ကြုံခံစားနေရသော ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ နှလုံး မသာမယာခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာဖြင့် သက်သာပျောက်ကင်း ချမ်းသာစေရန်။
( င ) သာသနာ့တက္ကသိုလ်သည် ကမ္ဘာ့နိုင်ငံများရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၏ အဆင့် အတန်းအောက် မနိမ့်ကျစေဘဲ ညီမျှသော အဆင့်အတန်းတွင် ရှိနေစေရန်။

- တက္ကသိုလ်ဝင်ခွင့်နှင့်အရည်အချင်း

၎။ (က) အစိုးရပထမကြီးတန်း၊ စေတီယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်း တစ်ခုခုကို
အောင်မြင်ပြီးသူဖြစ်ရမည်။
( ခ ) အသက်(၃၀)နှစ် သိက္ခာ(၁၀)ဝါထက်မကြီးသော ရဟန်းနှင့်သာမဏေများ ဖြစ်ရမည်။
( ဂ ) ရဟန်းကျင့်ဝတ်၊ ရှင်ကျင့်ဝတ်၌ တည်ရှိပြီး လဇ္ဇီပေသလ သိက္ခာကာမ ရှိသူ ဖြစ်ရမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ရမည်။
( င ) သာသနာ့တက္ကသိုလ်က ပေးအပ်သောဘွဲ့ကို ရရှိပြီးသောအခါ သာသနာ့တက္ကသိုလ်က ပေးအပ်သောတာဝန်ကို အနည်းဆုံး(၂)နှစ်၊(၂၄)လ မပျက်မကွက်တာဝန်ယူ ထမ်းဆောင် ရမည်။
( စ ) မိမိအား တာဝန်ယူမည့် ဥပဇ္ဈာယ်ဆရာ (သို့မဟုတ်) မိမိအား တာဝန်ယူမည့် ဆရာတော် တစ်ပါးပါး၏ အပ်နှံလွှာ ပါရှိရမည်။

- ဝင်ခွင့်စာမေးပွဲ

၅။ မဟာပထမနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် ပထမနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပပါသည်။

- ပညာသင်ကာလနှင့်သင်တန်းချိန်

၆။ နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်းနှစ်ဝက်နှင့် နယုန်လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ်ရက်အား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလကွယ်နေ့အထိ သတ်မှတ်ထားပါသည်။ သင်တန်းချိန်အား လစဉ် လပြည့်၊ လကွယ်၊ (၇)ရက် အဖိတ်၊(၈)ရက်ဥပုသ်နေ့များမှအပ နေ့စဉ် နံနက် (၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ(၁၀:၀၀)နေ့စာသင်ချိန်၊ (၁၀:၃၀)နာရီမှ(၁၁:၀၀) နာရီ ထိနေ့ဆွမ်း၊ နေ့လည်(၁၃:၀၀)နာရီမှညနေ(၁၆:၀၀)နာရီအထိ ညနေစာသင်ချိန်၊ ညနေ(၁၇:၄၅) နာရီမှ (၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။

- ဘွဲ့အလိုက် ပညာသင်ကာလအပိုင်းအခြား

၇။ (က) သာသနတက္ကသီလဓမ္မာစရိယ(B.A.Buddhism) စာသင်နှစ်(၄)နှစ်+ တောင်တန်း(၂)နှစ် = (၆) နှစ်
( ခ ) သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A. Buddhism) စာသင်နှစ်(၂)နှစ် + ကျမ်းပြု (၃)နှစ် + တောင်တန်း(၂)နှစ် = (၇) နှစ်
( ဂ ) သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.)= စာသင်နှစ်(၂)နှစ်+ ကျမ်းပြု(၄)နှစ် = (၆)နှစ်

- ပညာသင်ကြားရေးဌာနများနှင့် သင်ကြားမှုဘာသာရပ်

၈။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သင်ကြားရေးဌာနကြီး(၇)ခုနှင့် အခြားဌာနကြီး(၃)ခု၊ စုစုပေါင်း(၁၀)ခု ရှိပါသည်-
(က) ဝိနယပိဋကမဟာဌာန
( ခ ) သုတ္တန္တပိဋကမဟာဌာန
( ဂ ) အဘိဓမ္မပိဋကမဟာဌာန
(ဃ) ပိဋကတ်ဆိုင်ရာပါဠိစာပေဌာန
( င ) ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန
( စ ) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(ဆ) ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
( ဇ ) သုတေသန၊ဘာသာပြန်နှင့် ပုံနှိပ်ထုတ်ဝေရေးဌာန
( ဈ) မော်ကွန်းထိန်းဌာန
(ည) ပိဋကတ်တိုက်ဌာန
၉။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သတ်မှတ်ပြဌာန်း သင်ကြားနေသော ဘာသာရပ်ကြီး (၇) မျိုးမှာ-
(က) ဝိနယဘာသာ
( ခ ) သုတ္တန္တဘာသာ
( ဂ) အဘိဓမ္မာဘာသာ
(ဃ) ပိဋကတ်ဆိုင်ရာပါဠိစာပေဘာသာ
( င ) ပိဋကတ်ဆိုင်ရာမြန်မာစာပေဘာသာ
( စ ) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဘာသာ
(ဆ) ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဘာသာ

- ပဋိပတ်လုပ်ငန်း ဆောင်ရွက်ပြီးသော ရဟန်းတော်များစာရင်း
၁၀။ ပဋိပတ်လုပ်ငန်းဆောင်ရွက်ပြီးသော ရဟန်းတော်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ပညာသင်နှစ် ၁၀ - ရက်စခန်းပွဲ ၄၅ - ရက်စခန်းပွဲ မှတ်ချက်
၁၃၅၆-၅၇ (၁၉၉၄-၁၉၉၅) ၉၁ -
၁၃၅၇-၅၈ (၁၉၉၅-၁၉၉၆) ၆၇ ၁၆
၁၃၅၈-၅၉ (၁၉၉၆-၁၉၉၇) ၆၉ ၁၀
၁၃၅၉-၆၀ (၁၉၉၇-၁၉၉၈) ၅၂ ၁၁
၁၃၆၀-၆၁ (၁၉၉၈-၁၉၉၉) ၇၁ ၁၃
၁၃၆၁-၆၂ (၁၉၉၉-၂၀၀၀) ၆၂
၁၃၆၂-၆၃ (၂၀၀၀-၂၀၀၁) ၃၅ ၁၁
၁၃၆၃-၆၄ (၂၀၀၁-၂၀၀၂) ၆၅ ၁၇
၁၃၆၄-၆၅ (၂၀၀၂-၂၀၀၃) ၃၉ ၁၅
၁၀ ၁၃၆၅-၆၆ (၂၀၀၃-၂၀၀၄) ၆၄ ၁၁
၁၁ ၁၃၆၆-၆၇ (၂၀၀၄-၂၀၀၅) ၇၂
၁၂ ၁၃၆၇-၆၈ (၂၀၀၅-၂၀၀၆) ၇၁ ၁၁
၁၃ ၁၃၆၈-၆၉ (၂၀၀၆-၂၀၀၇) ၇၁ ၁၁
၁၄ ၁၃၆၉-၇၀ (၂၀၀၇-၂၀၀၈) ၆၉ ၁၇
၁၅ ၁၃၇၀-၇၁ (၂၀၀၈-၂၀၀၉) ၆၃
၁၆ ၁၃၇၁-၇၂ (၂၀၀၉-၂၀၁၀) ၇၁ ၁၃
၁၇ ၁၃၇၂-၇၃ (၂၀၁၀-၂၀၁၁) ၃၇ ၁၄
၁၈ ၁၃၇၃-၇၄ (၂၀၁၁-၂၀၁၂) ၆၅ ၁၁
၁၉ ၁၃၇၄-၇၅ (၂၀၁၂-၂၀၁၃) ၆၆
၂၀ ၁၃၇၅-၇၆ (၂၀၁၃-၂၀၁၄) ၆၆
၂၁ ၁၃၇၆-၇၇ (၂၀၁၄-၂၀၁၅) ၆၆ ၁၂
၂၂ ၁၃၇၇-၇၈ (၂၀၁၅-၂၀၁၆) ၆၅ ၁၅
၂၃ ၁၃၇၈-၇၉(၂၀၁၆-၂၀၁၇) ၆၂ ၁၄
၂၄ ၁၃၇၉-၈၀(၂၀၁၇-၂၀၁၈) ၆၉ ၁၄
စုစုပေါင်း ၁၅၂၈ ၂၆၀

- နယ်စပ်ဒေသနှင့် တောင်တန်းဒေသများသို့ လက်တွေ့ကွင်းဆင်းတာဝန်ထမ်းဆောင်ပြီးသော ရဟန်းတော်များစာရင်း
၁၁။ နယ်စပ်ဒေသနှင့် တောင်တန်းဒေသများသို့ လက်တွေ့ကွင်းဆင်းတာဝန် ထမ်းဆောင်ပြီးသော ရဟန်းတော်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ပညာသင်နှစ် အရေအတွက် မှတ်ချက်
၁၃၅၅-၅၆ (၁၉၉၃-၁၉၉၄) ၂၀ ပါး
၁၃၅၆-၅၇ (၁၉၉၄-၁၉၉၅) ၃၂ ပါး
၁၃၅၇-၅၈ (၁၉၉၅-၁၉၉၆) ၂၇ ပါး
၁၃၅၈-၅၉ (၁၉၉၆-၁၉၉၇) ၂၂ ပါး
၁၃၅၉-၆၀ (၁၉၉၇-၁၉၉၈) ၁၆ ပါး
၁၃၆၀-၆၁ (၁၉၉၈-၁၉၉၉) ၂၈ ပါး
၁၃၆၁-၆၂ (၁၉၉၉-၂၀၀၀) ၁၈ ပါး
၁၃၆၂-၆၃ (၂၀၀၀-၂၀၀၁) ၁၅ ပါး
၁၃၆၃-၆၄ (၂၀၀၁-၂၀၀၂) ၃၆ ပါး
၁၀ ၁၃၆၄-၆၅ (၂၀၀၂-၂၀၀၃) ၂၂ ပါး
၁၁ ၁၃၆၅-၆၆ (၂၀၀၃-၂၀၀၄) ၃၅ ပါး
၁၂ ၁၃၆၆-၆၇ (၂၀၀၄-၂၀၀၅) ၄၀ ပါး
၁၃ ၁၃၆၇-၆၈ (၂၀၀၅-၂၀၀၆) ၄၈ ပါး
၁၄ ၁၃၆၈-၆၉ (၂၀၀၆-၂၀၀၇) ၄၂ ပါး
၁၅ ၁၃၆၉-၇၀ (၂၀၀၇-၂၀၀၈) ၅၀ ပါး
၁၆ ၁၃၇၀-၇၁ (၂၀၀၈-၂၀၀၉) ၄၉ ပါး
၁၇ ၁၃၇၁-၇၂ (၂၀၀၉-၂၀၁၀) ၅၃ ပါး
၁၈ ၁၃၇၂ -၇၃ (၂၀၁၀-၂၀၁၁) ၃၅ ပါး
၁၉ ၁၃၇၃-၇၄ (၂၀၁၂-၂၀၁၃) ၅၁ ပါး
၂၀ ၁၃၇၄-၇၅ (၂၀၁၃-၂၀၁၄) ၄၆ ပါး
၂၁ ၁၃၇၅-၇၆ (၂၀၁၄-၂၀၁၅) ၄၆ ပါး
၂၂ ၁၃၇၆-၇၇ (၂၀၁၅-၂၀၁၆) ၄၂ ပါး
၂၃ ၁၃၇၇-၇၈ (၂၀၁၆-၂၀၁၇) ၄၇ ပါး
၂၄ ၁၃၇၈-၇၉ (၂၀၁၇-၂၀၁၈) ၃၈ ပါး
၂၅ ၁၃၇၉-၁၃၈၀ (၂၀၁၈-၂၀၁၉) ၅၁ ပါး
စုစုပေါင်း ၉၀၉ပါး

၁၂။ နယ်စပ်ဒေသနှင့် တောင်တန်းဒေသများသို့ လက်တွေ့ကွင်းဆင်း တာဝန်ထမ်းဆောင်ဆဲ ရဟန်း တော်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ၁၃၇၇-၇၈ (၂၀၁၆-၂၀၁၇) ၄၇ ပါး
( ခ ) ၁၃၇၈-၇၉ (၂၀၁၇-၂၀၁၈) ၃၈ ပါး
စုစုပေါင်း ၈၅ ပါး

- တိုင်းရင်းဆေးသင်တန်း တက်ရောက်ပြီးစီးသော ရဟန်းတော်များစာရင်း
၁၃။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ စတုတ္ထနှစ်သင်တန်းသား သံဃာတော်များ သည် ပထမနှစ်ဝက်စာသင်နှစ်ကျောင်းပိတ်ချိန်တွင် တိုင်းရင်းဆေးသင်တန်း(၁)လ တက်ရောက် ပြီးစီးသော ရဟန်းတော်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ပညာသင်နှစ် အမှတ်စဉ် အရေအတွက်
၁၃၆၃/၆၄(၂၀၀၂) ၁၀၄ ပါး
၁၃၆၄/၆၅(၂၀၀၃) ၄၃ ပါး
၁၃၆၅/၆၆(၂၀၀၄) ၅၅ ပါး
၁၃၆၆/၆၇(၂၀၀၅) ၇၄ ပါး
၁၃၆၇/၆၈(၂၀၀၆) ၇၂ ပါး
၁၃၆၈/၆၉(၂၀၀၇) ၇၂ ပါး
၁၃၆၉/၇၀(၂၀၀၈) ၇၁ ပါး
၁၃၇၀/၇၁(၂၀၀၉) ၆၃ ပါး
၁၃၇၁/၇၂(၂၀၁၀) ၇၁ ပါး
၁၀ ၁၃၇၂/၇၃(၂၀၁၁) ၁၀ ၃၇ ပါး
၁၁ ၁၃၇၃/၇၄(၂၀၁၂) ၅၈ ပါး
၁၂ ၁၃၇၄/၇၅(၂၀၁၃) ၁၂ ၇၃ ပါး
၁၃ ၁၃၇၅/၇၆(၂၀၁၄) ၁၃ ၆၉ ပါး
၁၄ ၁၃၇၆/၇၇(၂၀၁၅) ၁၄ ၆၉ ပါး
၁၅ ၁၃၇၇/၇၈(၂၀၁၆) ၁၅ ၆၆ ပါး
၁၆ ၁၃၇၈/၇၉(၂၀၁၇) ၁၆ ၆၀ ပါး
၁၇ ၁၃၇၉/၈၀(၂၀၁၈) ၁၇ ၇၀ ပါး
စုစုပေါင်း ၁၀၅၇ ပါး

- ကွန်ပျူတာသင်တန်းတက်ရောက်ပြီးစီးသော ရဟန်းတော်များစာရင်း
၁၄။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ တတိယနှစ်သင်တန်းသားသံဃာတော် များ အခြေခံကွန်ပျူတာ (၁)လခွဲသင်တန်း တက်ရောက်ပြီးစီးသော ရဟန်းတော်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် ပညာသင်နှစ် အရေအတွက်
၁၃၆၉/၇၀(၂၀၀၈) ၆၇ ပါး
၁၃၇၀/၇၁(၂၀၀၉) ၆၀ ပါး
၁၃၇၁/၇၂(၂၀၁၀) ၈၉ ပါး
၁၃၇၂/၇၃(၂၀၁၁) ၄၁ ပါး
၁၃၇၃/၇၄(၂၀၁၂) ၅၇ ပါး
၁၃၇၄/၇၅(၂၀၁၃) ၇၈ ပါး
၁၃၇၅/၇၆(၂၀၁၄) ၅၇ ပါး
၁၃၇၆/၇၇(၂၀၁၅) ၈၁ ပါး
၁၃၇၇/၇၈(၂၀၁၆) ၅၀ ပါး
၁၀ ၁၃၇၈/၇၉(၂၀၁၇) ၃၀ ပါး
စုစုပေါင်း ၅၈၀ ပါး

- နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ ဘွဲ့ရရှိပြီးသော ရဟန်းတော်များစာရင်း

- ၁၅။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ ဘွဲ့ရရှိပြီးသော ရဟန်းတော်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်--

စဉ် အကြိမ်/ဘွဲ့နှင်းသဘင် ခုနှစ် ဂုဏ်ထူး ဓမ္မပါရဂူ မဟာ ဓမ္မာစရိယ ဓမ္မာစရိယ
(၁) ပထမအကြိမ် ၁၃၅၆ (၁၉၉၄) - ၂၂ ပါး ၁၆ ပါး
(၂) ဒုတိယအကြိမ် ၁၃၅၇ (၁၉၉၅) - - ၃၅ ပါး
(၃) တတိယအကြိမ် ၁၃၅၈ (၁၉၉၆) - - ၄၀ ပါး
(၄) စတုတ္ထအကြိမ် ၁၃၆၀ (၁၉၉၈) - - ၄၀ ပါး
(၅) ပဉ္စမအကြိမ် ၁၃၆၁ (၁၉၉၉) - - ၃၆ ပါး
(၆) ဆဌ္ဋမအကြိမ် ၁၃၆၂ (၂၀၀၀) - - ၁၈ ပါး
(၇) သတ္တမအကြိမ် ၁၃၆၃ (၂၀၀၁) - ၁၄ ပါး ၃၈ ပါး
(၈) အဋ္ဌမအကြိမ် ၁၃၆၄ (၂၀၀၂) ၁၁ ပါး ၃၅ ပါး
(၉) နဝမအကြိမ် ၁၃၆၅ (၂၀၀၃) - ၁၃ ပါး ၃၀ ပါး
(၁၀) ဒသမအကြိမ် ၁၃၆၆ (၂၀၀၄) - ၈ ပါး ၄၇ ပါး
(၁၁) (၁၁) ကြိမ် ၁၃၆၇ (၂၀၀၅) - ၁၁ ပါး ၂၉ ပါး
(၁၂) (၁၂) ကြိမ် ၁၃၆၈ (၂၀၀၆) - ၆ ပါး ၄၁ ပါး
(၁၃) (၁၃) ကြိမ် ၁၃၆၉ (၂၀၀၇) - ၁၃ ပါး ၅၃ ပါး
(၁၄) (၁၄) ကြိမ် ၁၃၇၀ (၂၀၀၈) - ၁၁ ပါး ၆၁ ပါး
(၁၅) (၁၅) ကြိမ် ၁၃၇၁ (၂၀၀၉) ၁ ပါး ၄ ပါး ၄၉ ပါး
(၁၆) (၁၆) ကြိမ် ၁၃၇၂ (၂၀၁၀ - ၇ ပါး ၅၇ ပါး
(၁၇) (၁၇) ကြိမ် ၁၃၇၃ (၂၀၁၁) ၁ ပါး ၁၀ ပါး ၅၈ ပါး
(၁၈) (၁၈) ကြိမ် ၁၃၇၄ (၂၀၁၂) ၁ ပါး ၉ ပါး ၅၆ ပါး
(၁၉) (၁၉) ကြိမ် ၁၃၇၅ (၂၀၁၃) - ၅ ပါး ၃၂ ပါး
(၂၀) (၂၀) ကြိမ် ၁၃၇၆ (၂၀၁၄) ၁ ပါး ၁၇ ပါး ၅၂ ပါး
(၂၁) (၂၁)ကြိမ် ၁၃၇၇(၂၀၁၅) ၁ ပါး ၈ ပါး ၄၈ ပါး
(၂၂) (၂၂)ကြိမ် ၁၃၇၈(၂၀၁၆) - ၈ ပါး ၅၁ ပါး
(၂၃) (၂၃)ကြိမ် ၁၃၇၉(၂၀၁၇) - ၅ ပါး ၅၁ ပါး
(၂၄) (၂၄)ကြိမ် ၁၃၈၀(၂၀၁၈) - ၇ ပါး ၅၆ ပါး
စုစုပေါင်း ၅ ပါး ၁၈၉ပါး ၁၀၂၉ ပါး

- ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့နှင့် ဓမ္မပါရဂူဘွဲ့အပ်နှင်းခြင်
၁၆။ ၁၃၆၈-၆၉ ပညာသင်နှစ်မှစ၍ ဓမ္မပါရဂူဘွဲ့ စတင်အပ်နှင်းခဲ့ပါသည်။

စဉ် ဘွဲ့နှင်းအကြိမ် ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ ဓမ္မပါရဂူဘွဲ့ မှတ်ချက်
(၁၅) ကြိမ် -
(၁၆) ကြိမ် - -
(၁၇) ကြိမ် -
(၁၈) ကြိမ် -
(၁၉) ကြိမ် - -
(၂၀) ကြိမ် -
(၂၁)ကြိမ် -
(၂၂)ကြိမ် - ယခုနှစ်(အကြိမ်)မှစ၍ ဘွဲ့အပ်နှင်းသည်။
စုစုပေါင်း

- ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်သင်တန်းသား၊ ကျမ်းပြုသင်တန်းသားများနှင့် သင်ကြား/စီမံ ဆရာတော်များ စာရင်း

၁၇။ ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် သင်တန်းသား၊ ကျမ်းပြုသင်တန်းသားများနှင့် သင်ကြား/စီမံ ဆရာတော်များစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) သင်ကြားစီမံဆရာတော်များ - ၆၂ ပါး
( ခ ) ပထမနှစ်သင်တန်းသားများ - ၉၃ ပါး
( ဂ ) ဒုတိယနှစ်သင်တန်းသားများ - ၇၁ ပါး
(ဃ) တတိယနှစ်သင်တန်းသားများ - ၇၈ ပါး
( င ) စတုတ္ထနှစ်သင်တန်းသားများ - ၇၀ ပါး
( စ ) မဟာပထမနှစ်သင်တန်းသားများ - ၁၆ ပါး
(ဆ) မဟာဒုတိယနှစ်သင်တန်းသားများ - ၁၅ ပါး
( ဇ ) ကျမ်းပြုသင်တန်းသားများ - ၂၉ ပါး
( ဈ) ပြင်ပပညာရှင်လူပုဂ္ဂိုလ်(သံဃာတော်(၁)ပါး+လူပုဂ္ဂိုလ်(၅) - ၆ ဦး
စုစုပေါင်း - ၄၃၄ ပါး

- နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိသင်ကြားစီမံဆရာတော်များ၏ဘွဲ့အမည်စာရင်း

၁၈။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ သင်ကြားစီမံဆရာတော်များ၏ ဘွဲ့အမည် စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) ဒေါက်တာဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသ ပါမောက္ခချုပ်
(၂) ဒေါက်တာဘဒ္ဒန္တဉာဏာလင်္ကာရာဘိဝံသ ဒုတိယပါမောက္ခချုပ်
(၃) ဒေါက်တာဘဒ္ဒန္တကေသရ မော်ကွန်းထိန်း
(၄) ဘဒ္ဒန္တအင်္ကုရ ဝိနယပိဋကမဟာဌာန
(၅) ဘဒ္ဒန္တဥတ္တမ အဘိဓမ္မပိဋက မဟာဌာန
(၆) ဒေါက်တာဘဒ္ဒန္တဉာဏိန္ဒ (ဖြူး)
ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၇) ဘဒ္ဒန္တအာသဘ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန
(၈) ဘဒ္ဒန္တပဒုမသာရ
ဗုဒ္ဓဒေသနာ ပြန့်ပွားရေး ပညာဌာန
(၉) ဒေါက်တာဘဒ္ဒန္တအာစာရ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၁၀) ဘဒ္ဒန္တမုနိဝရ ပိဋကတ်တိုက်ဌာန
(၁၁) ဒေါက်တာဘဒ္ဒန္တစန္ဒာဝရ သုတေသန၊ဘာသာပြန်နှင့်ပုံနှိပ်ထုတ်ဝေရေးဌာန
(၁၂) ဘဒ္ဒန္တဇောတိက ဝိနယပိဋက မဟာဌာန
(၁၃) ဘဒ္ဒန္တကောသိယာဝုဓ ဝိနယပိဋက မဟာဌာန
(၁၄) ဘဒ္ဒန္တဝိဇယ ဝိနယပိဋက မဟာဌာန
(၁၅) ဒေါက်တာဘဒ္ဒန္တနန္ဒာစာရ အဘိဓမ္မာပိဋက မဟာဌာန
(၁၆) ဘဒ္ဒန္တစန္ဒာသီရိ အဘိဓမ္မာပိဋက မဟာဌာန
(၁၇) ဘဒ္ဒန္တဇနိန္ဒ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၁၈) ဒေါက်တာ ဘဒ္ဒန္တပရမ ဗုဒ္ဓဒေသနာပြန့်ပွား ရေးပညာဌာန
(၁၉) ဘဒ္ဒန္တပဏ္ဍိတ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၂၀) ဘဒ္ဒန္တဝါသဝ ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာန
(၂၁) ဒေါက်တာဘဒ္ဒန္တကောဝိဒ ဝိနယပိဋက မဟာဌာန
(၂၂) ဘဒ္ဒန္တဝိစက္ခဏ (မုံရွာ) အဘိဓမ္မာပိဋက မဟာဌာန
(၂၃) ဘဒ္ဒန္တအာလောကာစာရ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန
(၂၄) ဘဒ္ဒန္တဥတ္တရ (လယ်ဝေး) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၂၅) ဘဒ္ဒန္တကုဋုမလ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၂၆) ဘဒ္ဒန္တပညာသာမိ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး မဟာဌာန
(၂၇) ဘဒ္ဒန္တဣန္ဒာစာရ (ထီးချိုင့်) ဝိနယပိဋက မဟာဌာန
(၂၈) ဘဒ္ဒန္တနန္ဒောဘာသ ဝိနယပိဋက မဟာဌာန
(၂၉) ဘဒ္ဒန္တဉာဏိန္ဒ ဝိနယပိဋက မဟာဌာန
(၃၀) ဘဒ္ဒန္တသောဘိတ ဝိနယပိဋက မဟာဌာန
(၃၁) ဘဒ္ဒန္တဝိနယ သုန္တတ္တပိဋက မဟာဌာန
(၃၂) ဘဒ္ဒန္တဃောသိတ သုန္တတ္တပိဋက မဟာဌာန
(၃၃) ဘဒ္ဒန္တပညာဝံသ သုန္တတ္တပိဋက မဟာဌာန
(၃၄) ဘဒ္ဒန္တသြသဓ သုန္တတ္တပိဋက မဟာဌာန
(၃၅) ဘဒ္ဒန္တဝိစက္ခဏ (တန့်ဆည်) အဘိဓမ္မပိဋက မဟာဌာန
(၃၆) ဘဒ္ဒန္တနာဂသေန အဘိဓမ္မပိဋက မဟာဌာန
(၃၇) ဘဒ္ဒန္တဝိဇယ အဘိဓမ္မပိဋက မဟာဌာန
(၃၈) ဘဒ္ဒန္တဝိဇယာနန္ဒ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၃၉) ဒေါက်တာဘဒ္ဒန္တဘူရိပည ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၄၀) ဘဒ္ဒန္တနာရဒါလင်္ကာရ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၄၁) ဘဒ္ဒန္တဝံသပါလ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန
(၄၂) ဘဒ္ဒန္တဇောတိပါလ ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာန
(၄၃) ဘဒ္ဒန္တဝါယာမာနန္ဒ ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာန
(၄၄) ဘဒ္ဒန္တကဉ္စန ပိဋကတ်ဆိုင်ရာ မြန်မာစာပေဌာန
(၄၅) ဘဒ္ဒန္တအဂ္ဂ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၄၆) ဘဒ္ဒန္တသုစိတ္တ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၄၇) ဘဒ္ဒန္တဝိမလ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၄၈) ဘဒ္ဒန္တသီရိန္ဒ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(၄၉) ဘဒ္ဒန္တသာသန ဗုဒ္ဓဒေသနာ ပြန့်ပွားရေး မဟာဌာန
(၅၀) ဘဒ္ဒန္တဣန္ဒာဝုဓ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး မဟာဌာန
(၅၁) ဘဒ္ဒန္တဇဋိလ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး မဟာဌာန
(၅၂) ဒေါက်တာဘဒ္ဒန္တကုမုဒ မော်ကွန်းထိန်းဌာန
(၅၃) ဘဒ္ဒန္တတေဇနိယ မော်ကွန်းထိန်းဌာန
(၅၄) ဘဒ္ဒန္တကောမလ မော်ကွန်းထိန်းဌာန
(၅၅) ဘဒ္ဒန္တဝိစိတ္တသာရ မော်ကွန်းထိန်းဌာန
(၅၆) ဘဒ္ဒန္တကဝိဓဇ ပိဋကတ်တိုက်ဌာန
(၅၇) ဘဒ္ဒန္တသူရသိဒ္ဓိ ပိဋကတ်တိုက်ဌာန
(၅၈) ဘဒ္ဒန္တခမေသက ပိဋကတ်တိုက်ဌာန
(၅၉) ဘဒ္ဒန္တမာဃိန္ဒ ပိဋကတ်တိုက်ဌာန
(၆၀) ဘဒ္ဒန္တကေသရ သုတေသန၊ဘာသာပြန်နှင့်ပုံနှိပ်ထုတ်ဝေရေးဌာန
(၆၁) ဘဒ္ဒန္တဇာနေယျ သုတေသန၊ဘာသာပြန်နှင့်ပုံနှိပ်ထုတ်ဝေရေးဌာန
(၆၂) ဘဒ္ဒန္တစန္ဒောဘာသ သုတေသန၊ဘာသာပြန်နှင့်ပုံနှိပ်ထုတ်ဝေရေးဌာန

- နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပြင်ပညာရှင်ဆရာကြီးများစာရင်း

၁၉။ (က) ဒေါက်တာအရှင်ဓမ္မသီလိတာဘိဝံသ တွဲဖက်ပါမောက္ခ၊ အဘိဓမ္မပိဋကမဟာဌာန
( ခ ) ဦးသန့်ဇင် တွဲဖက်ပါမောက္ခ၊ ဝိနယပိဋက မဟာဌာန
( ဂ ) ဦးခင်မောင်ညို တွဲဖက်ပါမောက္ခ၊ သုတ္တန္တမဟာဌာန
(ဃ) ဦးတင်ဝင်း တွဲဖက်ဌာနမှူး၊ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန
( င ) ဦးစိုးကျော်သူ တွဲဖက်ဌာနမှူး၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
( စ ) ဦးဟန်တင့် တွဲဖက်ပါမောက္ခ၊ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာန

- သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ပါသည်-

၂၀။ (က) ပြည်တွင်း၊ ပြည်ပသာသနာပြုလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်။
( ခ ) ပြည်တွင်း၌ တောင်တန်းဒေသကို အခြေခံထား၍ အခြားလိုအပ်သောဒေသတို့တွင် တိုးမြှင့် သာသနာပြုရန်။
( ဂ ) ပြည်ပနိုင်ငံတကာတို့တွင်လည်း ထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးကို အင်တိုက် အားတိုက်ဆောင်ရွက်ရန်။
(ဃ ) ထိုသို့ သာသနာပြုရာ၌ အထောက်အကူပြုစေရန်အတွက် ပိဋကတ်ဘာသာပြန်လုပ်ငန်း၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း၊ သာသနာပြုကျောင်းများ ထောက်ပံ့ရေးလုပ်ငန်းများ၊ ဗုဒ္ဓကျမ်းစာပြုစုရေးလုပ်ငန်း၊ ဟောပြောပို့ချရေးလုပ်ငန်းစသည်များကိုစနစ်တကျ ဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။

၂၁။ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးထွန်းကားပြန့်ပွားစေရန်။
( ခ ) လူသားတိုင်းထေရဝါဒဗုဒ္ဓသာသနာတော်၏ ဓမ္မအနှစ်များကို သိရှိကြစေရန်။
( ဂ ) သိရှိကြသည့်အတိုင်း လိုက်နာကျင့်ဆောင်ကြစေရန်။

၂၂။ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနသည် ထေရဝါဒဗုဒ္ဓတရားတော်များ ထွန်းကား ပြန့်ပွားရေးအတွက် ဖွဲ့စည်းထားသော ဦးစီးဌာနဖြစ်ရာ အောက်ပါလုပ်ငန်းတာဝန်များကို အဓိကတာဝန် အဖြစ် ထားရှိပါသည်-
( က) မြန်မာနိုင်ငံတော်အတွင်း၌ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေး။
( ခ ) ပြည်ပနိုင်ငံတကာတို့၌ ဗုဒ္ဓသာသနာတော်ပြန့်ပွားရေး။
( ဂ ) ပြည်တွင်း၊ ပြည်ပသာသနာပြုများအား ထောက်ပံ့ရေး။
( ဃ ) ပြည်တွင်း၊ ပြည်ပသာသနာပြုလုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်သော ပံ့ပိုးကူညီမှု၊ ထောက်ပံ့မှုများပြုရေး။
( င ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် တည်တံ့တိုးတက်ရေးအတွက် လိုအပ်သော ပံ့ပိုး ကူညီမှု၊ ထောက်ပံ့မှုများပြုရေး။
( စ ) ပြည်ပနိုင်ငံများရှိ ဗုဒ္ဓသာသနိကအဆောက်အအုံများနှင့်သာသနာပြုဆရာတော်များအား ကူညီထောက်ပံ့ရေး။
( ဆ ) နိုင်ငံတကာရှိ ပုဂ္ဂိုလ်များ ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် ဆက်သွယ်၍ ထေရဝါဒ ဗုဒ္ဓသာသနာတိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ရေး။
( ဇ ) ပိဋကတ် ကျမ်းစာများနှင့် ဗုဒ္ဓစာပေတို့ကို အရေးကြီးသည့် ကမ္ဘာ့ဘာသာရပ်များသို့
ပြန်ဆိုဖြန့်ဝေရေး။
( ဈ ) ဖော်ပြပါလုပ်ငန်းများအတွက် စီမံခန့်ခွဲရေးနှင့် အခြားအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရေး။
( ည ) အထက်အဖွဲ့အစည်းများမှ အခါအားလျော်စွာ ပေးအပ်သည့် သာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး။

- သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ( မန္တလေး) ဌာနခွဲရှိ ဝန်ထမ်းအင်အားဖွဲ့စည်းပုံစာရင်း
၂၃။ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး)ဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဆောင်သော အောက်ဖော်ပြပါ အရာထမ်း၊ အမှုထမ်းများမှ သင်ကြားစီမံဆရာတော်များနှင့် စာသင်သားသံဃာတော်များ၏ အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆွမ်းကွမ်း ဝေယျာဝစ္စများ၊ ကျန်းမာရေးကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်ခြင်း၊ သီတင်းသုံးဆောင်များ၊ စာသင်ဆောင်များတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေ၊မီး၊ မိလ္လာစသော ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်-

စဉ် ရာထူး ပြု ရှိ လပ်
ညွှန်ကြားရေးမှူး -
ဒုတိယညွှန်ကြားရေးမှူး -
လ/ထညွှန်ကြားရေးမှူး -
လ/ထအင်ဂျင်နီယာ/ ဦးစီးအရာရှိနှင့်အဆင့်တူ -
ရုံးအုပ်/ဦးစီးမှူး/စာရင်းကိုင်-၁ နှင့်အဆင့်တူ
အငယ်တန်းအင်ဂျင်နီယာ/ ဒုဦးစီးမှူး/စာရင်းကိုင်-၂/ ဌာနခွဲစာရေးနှင့်အဆင့်တူ ၁၂ ၁၁
အကြီးတန်းစာရေးနှင့်အဆင့်တူ ၁၄ ၁၃
အငယ်တန်းစာရေးနှင့် အဆင့်တူ ၂၇ ၂၂
အမှုတွဲထိန်းနှင့်အဆင့်တူ ၂၀ ၁၃
၁၀ ရုံးအကူစာပို့နှင့်အဆင့်တူ ၃၇ ၂၀ ၁၇
၁၁ နေ့စားဝန်ထမ်း - -
စုစုပေါင်း ၁၂၇ ၉၄ ၃၃

About Us

The Government, with the aim of establishing a Sasana University, invited the leading Sayadaws for consultation. And it was decided that the task of setting up a University should be entrusted to a person of competence, in the person of the late Bhaddanta Vicittasarabhivamsa, the Mingun Sayadaw, who at that time was over seventy years of age.

Contact Us

Rector:
Pro-Rector:

Registrar:
Vice-Registrar:
Director:
Vice-Director:
Assistant Director:

Address

62 Street, Between 12 St x 14St,            Daw Na Bwar Quarter, Mandalay,            Myanmar.
02-4061114,02- 4066901
office@spsumdy.org
02-4061113

Quick Links